လပေါင်းများစွာမြန်မာနိုင်ငံတ၀ှန်းလုံးတွင်တက်ကြွလှုပ်ရှားသူများ၏လှုံဆော်မှုများပြီးနောက်၊ ၂၀၁၄ခု နှစ် ဇွန်လ ၂၄ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၊လွှတ်တော်ကိုယ်စားလှယ်များက ငြိမ်းချမ်းစွာဆန္ဒပြခြင်း နှင့် ငြိမ်းချမ်းစွာစုဝေးခွင့်ဆိုင်ရာဥပဒေကိုပြင်ဆင်သည့်ဥပဒေအားအတည်ပြု ပြဌာန်းလိုက်သည်။ လွှတ်တော် ကိုယ်စားလှယ်များ၏ မြန်မာတစ်နိုင်ငံလုံး၏ပြည်သူပြည်သားများ၏ဆန္ဒနှင့်အညီဥပဒေပြင်ဆင်ရေးကိုအားစိုက် ဆောင်ရွက်ခဲ့ခြင်းအတွက်ချိးကျူးသင့်ပေသည်။
ကံမကောင်းသည်မှာARTICLE 19 ၏စိုးရိမ်မှုဖြစ်သည်။ ယင်းမှာဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များ၏ ပါဝင်ပတ်သက်ဆောင်ရွက်ကြသည်မှာဥပဒေ၏သတ်မှတ်ချက်ဖြစ်သော ကြိုတင်ပြီးတရားဝင်ခွင့် တောင်းခြင်းမှ အသိပေးယုံသာ ပြုလုပ်ရန်လိုအပ်စေလိုခြင်းဖြစ်သလိုပြစ်ဒဏ်ကိုလည်လျှော့ပေါ့စေလိုသည်။ ယင်းအစား ပြုပြင်ထားသောဥပဒေသည်လိုသလိုအဓိပ္ပာယ်ကောက်နိုင်သလိုနိင်ငံတကာလူ့အခွင့်အရေးနှင့် မကိုက်ညီတော့ပေ။
နိုင်ငံတကာစံနှုန်းများမှာရှင်းလင်းပြတ်သားသည်။ယင်းတို့အလိုအရ နိုင်ငံများသည် စုဝေးခြင်းသည် လူ့အခွင့်အရေး၏အခြေခံအဖြစ်ခံယူရှုမြင်ပြီးအပြုသဘောဆောင်သောကျင့်သုံးမှုရှိရမည်။ ထိုအခွင့်အရေးသည် ခွဲခြားမှု မရှိစေဘဲအားလုံးအတွက်အာမခံရှိရမည်၊[iii]ခွဲခြားမှုဆိုရာတွင် နိုင်ငံတစ်နိုင်ငံ၏ လူမျိုးနှင့်နိုင်ငံသားအဆင့်အတန်းပေါ်တွင်အခြေခံသောခွဲခြားမှုများပါအပါအ ၀င်ဖြစ်သည်။
ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်သက်ဆိုင်သည့်လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကိုကန့်သတ်သည့် မည်သည့်ကန့်သတ်ချက်မဆိုလုံခြုံရေးအတွက် အကဲဖြတ်သောသုံးဆင့်စစ်ဆေးနည်းအားဖြတ်ကျော်နိုင်ရမည်။ဆိုလိုသည်မှာဥပဒေအရပြဌာန်းမှုရှိရမည်၊ တရားဝင်ရည်ရွယ်ချက်ရှိနေစေရမည်။ ထို့ပြင်လိုအပ်ချက်လည်းဖြစ်ရမည့်အပြင် အချိုးအစားလည်းကျရမည်။
မြန်မာသည်အရပ်ဖက်နှင့်နီင်ငံရေးဆိုင်ရာ နိုင်ငံသဘောတူညီချက်များအပါအ၀င်အဓိကကျသောပင်မလူ့အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်အားလက်မှတ်ရေးထိုးထားခြင်း၊ အတည်ပြုထားခြင်းမရှိပေ။ မည်သို့ဆိုစေကာမူARTICLE 19 ကအကြံပြုလိုသည်မှာ မြန်မာနိုင်ငံဖွဲ့စည်းပုံပုဒ်မ ၃၆၄ က ခွင့်ပြုထားသည် သကဲ့သို့ လွတ်လပ်စွာစုဝေးခွင့်နှင့်လွတ်လပ်စွာဖေါ်ထုတ်ခွင့်ကိုအာမခံချက်ပေးခြင်းနှင့်ပတ်သက်၍ ကျယ်ပြန်သောအဓိပ္ပာဖွင့်ဆိုမှုကိုပြုနိုင်သည်။ ထိုအခွင့်အရေးများနှင့်ပတ်သက်သောနိုင်ငံတကာစံနှုန်းများသည် အကူအညီအထောက်အပံ့ဖြစ်စေသောလမ်းညွှန်မှုကိုပေးပေသည်။
ပြင်ဆင်ထားသောဥပဒေသည် လူ့အခွင့်အရေးဆိုင်ရာနိုင်ငံတကာစံနှုန်းများနှင့်ကင်းကွာမှုရှိနေဆဲပင် ဖြစ်သည်။