Country Report: Censored Gender in Myanmar

Country Report: Censored Gender in Myanmar - Civic Space

စာတမ်းအနှစ်ချုပ်

မြန်မာအမျိုးသမီးများသည် နိုင်ငံရေးခေါင်းဆောင်ပိုင်းကို လှုပ်လှုပ်ရှားရှားဖြစ်စေအောင်

မျက်မှောက်ရေးရာများ၌ အကြောက်အရွံ့ကင်းစွာ သတင်းရယူလျက်

အရပ်ဖက်လူ့အဖွဲ့အစည်းအတွင်း ဦးဆောင်ဦးရွက်ပြုခဲ့ကြောင်း သိရပါသည်။ သို့တစေ

ဥပဒေနှင့် မူဝါဒရေးရာ ကန့်သတ်ချက်များ၊ တဖက်သတ် အပြစ်ဒဏ်များနှင့် ရင်ဆိုင်ကြရပါသည်။

ထိုအကန့်အသတ်၊ အပြစ်ဒဏ်များနှင့် သက်ရောက်မှုများသည် အမျိုးသားများနှင့် မတူသော

အတွေ့အကြုံများ ဖြစ်ပေါ်စေပါသည်။ အမျိုးသားများအား ကန့်သတ်အပြစ်ပေးမှုကို အစိုးရက

ပြုလုပ်လေ့ရှိပြီး အမျိုးသမီးအဖို့မူ ကျား/မ မတူညီ ခွဲခြားဆက်ဆံခံရမှု၊ လိင်သဘာဝအခြေခံ

အကြမ်းဖက်မှုများကို လူ့ဘောင်အသိုင်းအ၀ိုင်းက ပံ့ပိုး ဆိုးရွားစေခဲ့ပါသည်။ ထို့ကြောင့်

အမျိုးသမီးများနှင့် အခြားသော လိင်ကွဲလူနည်းစုတို့ တွေ့ကြုံနေရသော ကန့်သတ်ချက်နှင့်

အပြစ်ပေးခံရမှုတို့သည် အမျိုးသားများထက် ဒဏ်ချက်ပိုမို စူးရှပါသည်။

ဤစာတမ်းတွင် အခြေခံမေးခွန်းအချို့ကို ဖြေဆိုရန် အားထုတ်ထားပါသည်။

ယင်းမေးခွန်းများမှာ – လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းရယူမှုသည်

မြန်မာအမျိုးသမီးများအဖို့ မည်သို့ သက်ဆိုင်မှု ရှိပါသနည်း။ မီဒီယာ၌ အမျိုးသမီးများအား

မည်သို့ပုံဖော်သနည်း။ အမျိုးသမီးများအတွက် လိုအပ်သောသတင်းအချက်အလက်နှင့်

အလွယ်တကူ မရရှိနိုင်သော သတင်းအမျိုး အစားများ။ အဆင့်မြင့်ပိုင်း ဆုံးဖြတ်ပိုင်ခွင့်တွင်

အမျိုးသမီးများ၏အသံကို အဘယ်ကြောင့် မကြားရသနည်း။ ပြောဆိုမိသော

စကားကြောင့် အမျိုးသမီးများ ရင်ဆိုင်ကြုံတွေ့ရသည့် လိင်သဘာဝအခြေခံ အကြမ်းဖက်ခံရမှု

များ။

အောက်ပါအတိုင်း ကောက်ချက်ချနိုင်ပါသည်။

 အမျိုးသမီးဂျာနယ်လစ်များသည် ယေဘုယျအားဖြင့် အမျိုးသားများထက် ရာထူးနိမ့်သော

လိင်သဘာဝ ဆက်စပ်ကဏ္ဍများ ပိုမိုရရှိနေသည်။

 အမျိုးသမီးဂျာနယ်လစ်များသည် မီဒီယာလောက၌ ကျား/မတန်းတူ အကူအညီ အထောက်အပံ့နှင့်

အသံ ထုတ်ဖော်ခွင့် မရရှိပါ။

 အမျိုးသမီးဂျာနယ်လစ်များသည် နေရာအာဏာရရှိမှုထက် အကာအကွယ်ပေးခံရမှုသာ

ရရှိပါသည်။

 ခေါက်ရိုးကျိုး ကျား/မခွဲခြားမှုသည် မီဒီယာလောကတစ်ခုလုံး၌ ရှိနေပြီး

အသံလွှင့်လောက၌ အထူးတွေ့မြင် ရသည်။

 အစိုးရက အမျိုးသမီးများအတွက် သတင်းရယူခွင့်ကို ဦးစားပေးဆောင်ရွက်ခြင်း မရှိပေ။

 အမျိုးသမီးများ၏ လိင်သဘာဝအခြေခံ သတင်းအချက်အလက်ရယူမှုတွင် ယဉ်ကျေးမှု

အတားအဆီးများက အဟန့်အတားအဖြစ် ရှိနေသည်။

 အမျိုးသမီးများ၏ အသံထုတ်ဖော်ခွင့်ကို ဆုံးဖြတ်ပိုင်ခွင့် အာဏာမှ ထုတ်ပယ်ထားသည်။

 ဆုံးဖြတ်ပိုင်ခွင့် အာဏာတွင် ပါဝင်သော အမျိုးသမီးများကို အစိုးရက စိတ်ကြိုက်ရွေးချယ်သည်။

 အမျိုးသမီးများ၏ ‘လိင်သဘာဝ’ အခြေအနေကို အကြောင်းပြု၍ ’ပြည်သူ့အ၀န်းအ၀ိုင်း’

(civic space) မှ ထုတ်ပယ်ထားသည်။

 မြန်မာအမျိုးသမီးများသည် လွတ်လပ်စွာထုတ်ဖော်မှုနှင့် ပတ်သက်၍ အကြမ်းဖက်မှုများ၊

အကျိုးဆက်များကို မတူညီသော ပုံစံများဖြင့် ကြုံတွေ့နေရသည်။

 အမျိုးသမီးများအား အကြမ်းဖက်မှု မခံရအောင် ကာကွယ်ပေးဖို့ မျက်မှောက်ကာလ

ရှိနေသော ကုစားမှုများနှင့် ကာကွယ်ရေးလုပ်ငန်းများသည် တကယ်တန်းတွင်

အခြေအနေကို ပိုမိုဆိုးရွားစေသည်။

ဤပြဿနာများကို နားလည်လာသည်နှင့်အမျှ အောက်ပါအကြံပြုချက်များကို ရည်မှန်း

ဆောင်ရွက်သင့်ပါသည်။ မြန်မာအမျိုးသမီးများသာမက အခြားသူများအတွက်လည်း

အကျိုးဖြစ်စေပါမည်။ ထို့ပြင် ၂၀၁၃ခုနှစ်၌ မြန်မာ အစိုးရက ပြဋ္ဌာန်းခဲ့သော်လည်း

လူသိနည်းနေသည့် “အမျိုးသမီးများတိုးတက်ရေးအတွက် အမျိုးသားအဆင့်

မဟာဗျူဟာစီမံကိန်း” ၏ တစိတ်တဒေသအဖြစ် အကျုံးဝင် ပါရှိပြီးဖြစ်ပါသည်။

 

Read full report.

Full report in Burmese here.